Our Tanintharyi

မြိတ်၊ ထားဝယ်၊ ပုလော၊ ကော့သောင်း သူငယ်ချင်းအားလုံးတို့၏ ဆုံဆည်းရာ,

miss

ကဗျာချစ်သူ များအတွက် (၃)

မျှော်လင့်မထားမိတဲ့ နေ့တစ်နေ့မှာ...
သူရဲ့ ဟောင်းနွမ်းသွားတဲ့
အကြည့်တစ်ချက်ကို..
နာကျင်ဝမ်းနည်းရလွန်းတဲ့ မချိပြုံးလေးက
ဆီးကြို လက်ခံလိုက်တယ်...။

အဲဒီည....ငါအိမ်မက်လေး မီးလောင်နေတယ်...
သူက သမိုင်းထဲက
ဟစ်တလာလက်ကို ဆွဲပြီး
အမြောက်သံ တဘောင်းဘောင်း
ဖိနပ်သံ တဖြောင်းဖြောင်းနဲ.
ဲ့သူကိုမရှုံးနိမ့်ချင်သူလေးရဲ့
အနာဂတ်မြို့လေး....
အရက်စက်ဆုံး ချေမှုန်း..
တစ်စစီပျက်သုဉ်း စေခဲ့တယ်......။
အဲဒီလိုနှင့် ....
ငါ့ညလေးတွေ ...မီးလောင်နေတယ်......
နောက်ကျောကို မသိမသာထိုးသွားတဲ့ ဓားတစ်စင်း..
ငါ့ရှေ့မှာ တည့်တည့်ရပ်ပြီး မခို.တရို့အပြုံးတွေနှင့်
ဒီလူမိုက်ကို အကြိမ်ကြိမ် နာကျင်စေပါအုံးလား....
အဲဒီလိုနှင့်..အဲဒီလိုနှင့်..
ညနေအိုမှာ ကြွေတဲ့သစ်ရွက်တွေလို...
လူမသိသူမသိ တိတ်တိတ်ကလေး ကြွေတတ်ခဲ့လေပြီ....
အယ်(လ်)ဘမ်တွေ ဒိုင်ယာရီတွေ..
သတိတရ လိုက်ပိတ်တတ်နေလေပြီ......
ကော်ဖီခွက်ကို ကိုင်ရင်း...
ငေးမော နေတတ်နေလေပြီ.....
အဲဒီလိုနှင့်....အဲဒီလိုနှင့်...အဲ့ဒီလိုနှင့်.....
နောက်ဆုံးတော့...
ငါ့ကိုငါ ပါ မေ့ပစ်လိုက်ရလေပြီ.......။

Share 

Comment

You need to be a member of Our Tanintharyi to add comments!

Join this Ning Network

Nee Htay Comment by Nee Htay on December 11, 2009 at 4:46am
အချိန်ကကုစားသွားပါလိမ့်မယ် ကော်ဖီလေးတော့ လျှော့သောက်လိုက်ဦး အစာအိမ်ဖြစ်မှာစိုးလို့

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service