Our Tanintharyi

မြိတ်၊ ထားဝယ်၊ ပုလော၊ ကော့သောင်း သူငယ်ချင်းအားလုံးတို့၏ ဆုံဆည်းရာ,

(Miss ၏ Reply အား အလွယ်တကူ ပြန်လည်ဆွေးနွေးနိုင်ရန် ရေးသူ၏ခွင့်ပြုချက်ဖြင့် Topic အနေနဲ့ပြန်တင်ပေးပါသည်)

အားလုံးပဲ့မင်္ဂလာပါရှင့်။
တနသာင်္ရီဒေသနှင့် ထုံးတမ်းဓလေ့ပွဲတော်များ အကြောင်းကို ပြောကြပါဆိုရင် ကျမကတော့ တနသာင်္ရီတိုင်း ပုလောမြို့နယ်မှာ နှစ်စဉ်ကျင်းပနေကျခေါသရပ်လို့ခေါ်တဲ့ အကျိုးအကန်းလွတ်ပွဲလေးအကြောင်းပြောချင်ပါတယ်။
ဒီဓလေ့လေးဟာ တခြားခြားသောမြို့တွေမှာ ကျင်းပလားမပလားတော့မသိပါ ကျမတို့ပုလောမြို့မှာတော့ နှစ်စဉ်ကျင်းပပါတယ်တကယ်ကို ကုသိုလ်လည်းရ၀မ်းလည်းဝတဲ့ ဓလေ့လေးတခုပါ
ခေါသရပ်နေ့မတိုင်ခင် မြို့ထဲဗိုလ်ချုပ်လမ်းတလျှောက် ပန်းပေါင်းစုံထိုး ငှပျောပင်ပတ်..၀ါးနှင့်ယှက်လုပ်ထားတဲ့ ၀င်္ကဘာကာပြီး မနက်နှင့်ညနေဆွမ်းလောင်းပွဲများ ကျင်းပကြပါတယ်
ခေါသရပ်နေ့မတိုင်ခင် တစ်ရက်အလို တော်တော်များများအိမ်တွေမှာ
မုန့်ဖက်ထုပ်တွေလုပ်ပြီး မနက်ပိုင်းဆွမ်းလောင်းကြပါတယ် မနက်ပိုင်းဆွမ်းလောင်းအပြီးမှာ သံဃာတော်များကသင်္ချိုင်းကြွရ်ျ
မကျွတ်မလွတ်သေးသော သူများအားရည်စူးပြီး ရေစက်ချအမျှအ
တမ်းဝေကြပါတယ်
ညနေပိုင်းကျတော့ ဆန်၊ ဆီ၊ ကြက်သွန်၊ ဖယောင်းတိုင်၊ သကြားလုံး၊
ပိုက်ဆံ အစရှိသောလှူဖွယ်ဝတ္ထု ပစ္စည်းတို့ကို လောင်းလှူကြပါတယ်
ကျမအတွက်တော့ အဲဒီပွဲတော်မှာသတိအရဆုံးအရာ ၂ခုရှိပါတယ်
ကျမတို့ရဲ့ရိုးရာဗျောသံလေးနှင့် တအိမ်တက် တအိမ်ဆင်းလိုက်
ဝါးရတဲ့မုန့်ဖက်ထုပ်ပဲ့ဖြစ်ပါတယ် အဟီး...စာရေးရင်းနှင့်တောင်
စားချင်လာပြီ။ ဂလု...ဂလု....
စာရှုသူများလည်းဝင်ဆွေးနွေးစေလိုပါတယ်..
အမှားပါရင်လည်းဝင်ရောက်ပြင်ဆင်ပေးစေလိုပါတယ်
တတ်သမျှမှတ်သမျှ၊ကြားဖူးသမျှကြုံဖူးသမျှကိုအားလုံး
အတွက်ပြန်ဝေငှလိုက်ပါတယ်။
နောက်ကြုံရင်လည်းဓာတ်ပုံပါတင်ပေးနိုင်အောင်ကြိုးစားပါ့မယ်

ကျားပွဲ(သို့မဟုတ်) ကုလားကျားပွဲအကြောင်းလည်းဆွေးနွေးကြပါ။
ပုလောသူ၊သားတိုင်း
မြိတ်သူ၊သားတိုင်းသိတဲ့ဓလေ့လေးဆိုတော့
ဝင်ရောက်ဆွေးနွေးစေလိုပါတယ်။
စာရေးသူကတော့ဓာတ်ပုံပါတင်နိုင်အောင်အစဉ်ကြိုးပမ်းလျက်
ရှိပါတယ်
စာရှုသူများအနေဖြင့်လည်းဓာတ်ပုံရှိကတင်စေလိုပါတယ်။


အားလုံးကျန်းမာကြပါစေ။

Share

Reply to This

Replies to This Discussion

Miss ရဲ့ post ဟာကျွန်တော်တို့ဒေသရဲ့ အထူးခြားဆုံး ပွဲတော်နှစ်ခုကိုဆွဲထုတ်ပြသွားတဲ့ အတွက် ကျေးဇူးတင်ပါ။

ဒီtopic ဟာ ကျွန်တော်တို့ ကလေးဘ၀ကို သတိရစေတာအမှန်ပါ ခေါသရပ် အလှူ လုပ်တဲ့ အိမ်တကာလည်ပီး အလှူလိုက် စားတာလေ၊

Reply to This

ဟုတ်တယ်ဗျ၊ ခေါသရပ်ဆိုကျွန်တော်တို့ ကလေးဘ၀တုန်းက အရမ်းပျော်ဖို့ကောင်းတာ ဘုန်းကြီးကျေင်းက ကျောင်းသားတွေနဲ့ ပေါင်းပီး မနက်အစောကြီးမှုန့်ဖက်ထုတ်အလှူခံထွက်တာလေ။

Reply to This

ဆွေးနွေးပေးတာ ကျေးဇူး ဗျို့ .. .. ကောင်းပါတယ် .. ဗဟုသုတရတယ်

Reply to This

ကျွန်တော်တို့ ဘိတ်ဖက်မှာက ခေါသရပ်ထက် ကုလားကျားပွဲ ကပိုပြီး စည်ကားလှပါတယ်။ အထူးသဖြင့် ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကုလားကျားကတဲ့လူတွေကို ကျားနဲ့တူအောင် အ၀ါရောင် တွေသုတ်လိမ်းပြီး ခါးမှာကြိုးပတ်ပေးထားတယ်။ ဒီကြိုးစကို အနောက်ကလူတစ်ယောက်က ဆွဲထားပေးရတယ်။ သဘောကတော့ ကုလားကျား ကတဲ့သူ ကျားမူးလာရင် (မူးနီစီး တာလို့သိများပါသည်) ထိန်းထားနိုင်အောင်လို့ပါ။ ကျားစီးတဲ့အချိန်ဆို အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ တွေ့ကရာ လူတွေကို ကျားဆွဲသလိုလိုက်ဆွဲတတ်တယ်။ မြင်မြင်ရာ လှမ်းကိုက်တတ်တယ်။ဒီကုလားကျားတွေ အရမ်းမူးလာရင် လောဘန်လို့ခေါ်တဲ့ ဆေးတမျိုးကို အုန်းခွံထဲထည့်ပြီး မီးတိုက်.. ပြီးတော့ ဒီကထွက်တဲ့ မီးခိုးငွေ့ကို ရှုခိုင်းပါတယ်။ ဒီလိုလုပ်မှ ကျားစီးနေတဲစိတ်ပြေတယ်လို့ပြောကြပါတယ်။ မှတ်မှတ်ရရ ကျွန်တော့်ဘ၀ မှာကုလားကျားကြောင့် ကလေးဘ၀ ကအကျင့်ဆိုးလေးတစ်ခုပျောက်သွားဘူးပါတယ်။ နို့ဘူးအင်မတန် စွဲတဲ့ကျွန်တော်ဟာ တစ်နေ့ အမေနဲ့ အတူ ဘုရားကျောင်းတစ်ခုက အလှုကိုလိုက်သွားပါတယ်။ ဒီနေ့မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ကုလားကျားပွဲက ဘုရားကျောင်းရှေ့က အဖြတ် မူးနီစီးလာပြီး ကျောင်းပေါ်ကို အတင်းဖက်တက်ပါတယ်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ကျွန်တော်ဟာ ကလေးတစ်ယောက် သဘာဝ အလျောက် အရမ်းကို ကြောက်လန့်သွားပါတယ်။ အဲဒါနဲ ကြောက်ကြောက်နဲ့ အမေ့ဆ်ီမှာ နို့ဘူးလှမ်းတောင်းပါတယ်။ အခြေအနေကို ရိပ်မိတဲ့ အမေက ကျွန်တော့်နို့ဘူး ကို ကုလားကျားကတောင်းလို့ပေးလိုက်ရကြောင်း နောက်ထပ်တောင်းရင် ကုလားကျားထပ်လာမှာဖြစ်ကြောင်းကို ပြောပါတယ်။ ဒီအချိန်ကစပြီး ကျွန်တော်ဟာ ကုလားကျားကြောက်စိတ်နဲ့ နို့ဘူးဆိုတာကို အသံတောင်မဟရဲ တော့ပါဘူးဗျာ :) ကြုံတုန်းငယ်ဘ၀က ကုလားကျားနဲ့ ပတ်သက်ခဲ့တဲ့အမှတ်တရလေးပါ။ ခေါသရပ် အကြောင်းဆွေးနွေးလာတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Reply to This

လာဖတ်သွားပါတယ်ရှင် ဒီလိုမျှဝေပေးတာကျေးဇူးတင်ပါတယ်။

Reply to This

RSS

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service